ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်များအတွင်းမှ ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ အရှေ့တောင်ဘက်မီတာ ၅၀၀ ခန့်အကွာ အထက(၃) အနီး ဘုရား ကုန်း၌ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ AA သကသ အင်အား ၄၀ ဦးခန့်က လာ ရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ AA သကသများ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး AA သကသ များ ဆုတ်ခွာထွက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းစဉ်-
AA အလောင်း- ၁ လောင်း
RPG -၁ လက်
လက်ပစ်ဗုံး -၄ လုံး
လမ်းလျှောက်စကားပြောစက် ၁ လုံးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အောက်ခြေ AA တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးကျွေးပြီး တိုက်ခိုင်းတဲ့ သက်သေအထောက်အထားပဲ ဖြစ်ပါတယ်…
