တည်းခိုခန်းတစ်ခုမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦး အသတ်ခံရ

မန္တလေးမြို့၊ ၃၆ လမ်း၊ ၇၀ – ၇၁ လမ်းကြားမှာရှိတဲ့ တည်းခိုခန်း တစ်ခုမှာ အသက် (၂၀) ကျော်အရွယ်သာရှိသေးတဲ့ အမျိုးသမီးငယ်တစ်ဦး အသတ်ခံလိုက်ရတဲ့ဖြစ်စဥ်တစ်ခု ယမန်နေ့ (နိုဝင်ဘာ ၁၁ ရက်) ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ ဒေသဆိုင်ရာသတင်းတွေအရ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးချက်အရ တည်းခိုခန်းအိပ်ယာပေါ်မှာ အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေတဲ့ အမျိုးသမီးငယ်ကို ထိုးကြိတ်ကန်ကြောက် ဒဏ်ရာတွေနဲ့ ပါးချိတ်အောက်မှာ ထိုးသွင်းဒဏ်ရာရရှိထားတဲ့အပြင် မေးရိုးပြုတ်ထွက်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

တည်းခိုခန်းမှာရှိတဲ့ CCTV မှတ်တမ်းတွေကို စစ်ဆေးတဲ့အခါမှာတော့ သေဆုံးသူအမျိုးသမီးနဲ့အတူ အမျိုးသားတစ်ဦးတို့ဟာ ညနေ ၄ နာရီခန့်မှာ တည်းခိုခန်းကို အတူရောက်လာကြပြီး အမျိုးသားဖြစ်သူက ညနေ ၆ နာရီခန့်မှာ ပြန်ထွက်သွားတာ တွေ့ရတာကြောင့် လက်ရှိမှာ တရားခံဖမ်းမိရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎