ရခိုင်ပြည်နယ်တိုက်ပွဲသတင်း(၁၁/၁၁/၂၀၂၄ ရက်နေ့ ညပိုင်း ၈ နာရီအချိန်ထိ)

(အမ်း)

နယ်မြေခံဆက်သွယ်ရေးတပ်ရင်းအား ယနေ့နံနက်ပိုင်း ၁၀ နာရီအချိန်ခန့်က AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ ယနေ့နံနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က ပဲပဒုံလုံခြုံရေးစခန်းအား AA အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် မိနစ်(၂၀)ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယနေ့နေ့လည်ပိုင်း ၁၂ နာရီအချိန်ခန့်က နယ်မြေခံဆောက်လုပ်ရေးတပ်ခွဲအနောက်ဘက်ရှိ ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ တပ်မတော်သားများမှ အပြင်းအထန် ချေမှုန်းတိုက်ခိုက်ခဲ့သောကြောင့် (၁)နာရီခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ထွက်ပြေးသွားကြောင်းနှင့် ယနေ့ညနေပိုင်း ၃ နာရီ အချိန်ခန့်က တစ်မိုင်ကုန်းစခန်းအား သောင်းကျန်းသူများမှ အဝေးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ (၅)မိနစ်ခန့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ အဆိုပါနေရာမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

(မောင်တော)
ယနေ့နံနက်ပိုင် ၉ နာရီအချိန်ခန့်က နခခ(၅)အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ အပြင်းအထန် ပြန်လည်တိုက်ခိုက်ချေမှုန်းမှု၊ လက်နက်ကြီးများဖြင့် သောင်းကျန်းသူရှိရာ နေရာများအား တိုက်ခိုက်ချေမှုန်းမှုတို့ကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီခွဲအချိန်ခန့်က အကြမ်းဖက်သောင်းကျန်းသူများ ထပ်မံဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

(တောင်ကုတ်)
ယနေ့နံနက် ၈ နာရီအချိန်ခန့်က တောင်ကုတ်မြို့မြောက်ဘက် ကိုင်းရှည်ရွာအတွင်း တောင်ကုတ်မြို့အား ဖျက်ဆီးမည့် AA အကြမ်းဖက် သောင်းကျန်းသူများရောက်ရှိနေကြောင်း သတင်းအရ တပ်စစ်ကြောင်းများမှ သွားရောက်ရှင်းလင်းတိုက်ခိုက်ခဲ့ရာ-
သောင်းကျန်းသူအလောင်း (၂)လောင်း၊
အမ်-၂၂ တစ်လက်
ကျည်အိမ် ၆ ခု
အမ်-၂၂ ကျည် ၃၅၅ တောင့်
၇.၆၂ မမကျည် ၇၀၃ တောင့်
စက်လက်ကျည်ခါးပတ်တွဲ (၁)ခု
လမ်းလျှောက်စကားပြောစက် (၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ ကိုင်းရှည်တံတားအနီးရှိ လုံခြုံရေးအဖွဲ့အား AA အကြမ်းဖက် သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ (၂၀)မိနစ်ခန့် ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ နေ့လည်ပိုင်း ၃ နာရီခန့်က တောင်ကုတ်မြို့အရှေ့ဘက် မီတာ ၄၀၀၀ အကွာ၌ လုံခြုံရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းအား သောင်းကျန်းသူများမှ လာရောက် တိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ(၃)နာရီခန့်ဖြစ်ပွားခဲ့ကြောင်းနှင့် ယနေ့ညနေပိုင်း (၃)နာရီအခချိန်ခန့်က တောင်ကုတ်မြို့အရှေ့တောင်ဘက် ဖုံညိုတံတား လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများအား သောင်းကျန်းသူများမှ လာရောက် တိုက်ခိုက်ခဲ့သောကြောင့် တပ်မတော်သားများမှ Drone/ လက်နက်ကြီးပစ်ကူများရယူကာ ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့သောကြောင့် ညနေ ၆ နာရီခန့်တွင် သောင်းကျန်းသူများ အဆိုပါနေရမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။