ဖားကန့်မှာ မြေစာပုံပြိုကျလို့ ရေမဆေးသမား ၄၀ ခန့် ပျောက်ဆုံးနေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာ ၁၁ ရက်၊ မနက်အစောပိုင်းက မြေစာပုံပြိုကျတာကြောင့် ရေမဆေးသမား ၄၀ ခန့်ပါဝင်သွားခဲ့ပြီး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဖြစ်စဥ်ဟာ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးက တင်အောင်ကြိုင်လုပ်ကွက်ဟောင်းအတွင်းမှာ ဖြစ်ပွားခဲ့တာလို့ သိရပြီး ရေမဆေးကျောက်ရှာဖွေနေသူ ၄၀ ခန့်အပြင် မြေစာပစ်ကားနှစ်စီးလည်း မြေစာပုံပြိုကျတဲ့အထဲ ပါဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ မြေစာပုံပြိုကျတဲ့အထဲပါသွားတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေကို ဖားကန့်မြို့အတွင်းမှာရှိတဲ့ လူမှုကူညီရေးအသင်းတွေနဲ့ ပရဟိတအသင်းတွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

𝙈𝙃𝙏𝙉𝙀𝙒𝙎