မင်္ဂလာရှိသော နံနက်ခင်းလေးပါ

လူမှာအရှိန်ဓါတ်ဆိုတာ ရှိကြပါတယ်
တနည်းအားဖြင့် ဘုန်းရှိန် ကံရှိန်ပေါ့။

သူတစ်ပါးကိုသွားပုပ်လေလွင့်ပြောတတ်
တဲ့သူဟာ ကိုယ်ရောင်ကိုယ်ဝါတွေမှေးမှိန်
သွားတယ်။

သူတစ်ပါးကိုဂုဏ်သတင်းမှေးမှိန်အောင်
သိက္ခာကျသွားအောင်လုပ်ချင်တဲ့စေတနာ
ဇောတွေကြောင့်ကိုယ့်မှာလည်းကံရှိန်တွေ
သေးသိမ်မှေးမှိန်စေခြင်းပါ။

သူများမကောင်းကြောင်းပြောလွန်းသူဟာ
ကိုယ်အရှိန်တွေ ဆုတ်ယုတ်နေပါတယ်။

သူများ မကောင်းကြောင်း ပြောတတ်သူ
တွေရဲ့ မျက်နှာ ကိုယ်အမူအရာ တွေကို
သတိထားပြီးကြည့်ကြည့်ရင်သိပ်သိသာ
ပါတယ်။

ချမ်းသာမှန်သမျှ လိုချင်ရင်သူမျာအတင်း
မပြောနဲ့ တဲ့။

ဘုရားရှင်က ဒီလို ဆုံးမထားတာနော်..

သူများအတင်း သူများအကြောင်းထက် အကုသိုလ် ကင်းလားမကင်းလားဆိုတာ

ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုပဲ
ပြန်ပြီး ဝေဖန်နေတာအကောင်းဆုံးပဲ။

သူတစ်ပါးတို့ရဲ့မလျော်သောအပြစ်အနာ
အဆာတို့ကို ကြည့်မနေပါနဲ့။

သူ ကောင်းတာလုပ်သလားမကောင်းတာ
တွေလုပ်နေတာလားဆိုတာလိုက်လံကြည့်
ရှုမနေပါနဲ့။

ကိုယ် ကောင်းတာ လုပ် မလုပ်ကိုပဲ အမြဲ
မပြတ် ကြည့်ပါ၊

ကိုယ့်စိတ်ကိုသာ အမြဲ စစ်ဆေးနေပါတဲ့။

ပြီးရင်အတင်းပြောဝါသနာပါသူကိုလည်း
ရှောင်ပါ။

အတင်းအဖျင်းပြောတတ်တဲ့အသိုင်းအ
ဝန်း မှလည်း တတ်နိုင်သမျှ ဝေးဝေးက
ရှောင်ပါ။

အတင်းအဖျင်းပြောနေတဲ့အချိန် ..
ဒီ အဆင့်အတန်းနိမ့်တဲ့စိတ်ကိုပြန်ကြည့်
ကြည့်ပါ။

အေးချမ်း ကြည်လင်နေသလားလို့…

ကိုယ် အတင်းပြောချိန်ဟာ ..
တစ်ဖက်လူ ဂုဏ်တော်ပွား နေချိန်တို့
မေတ္တာပွားနေချိန်တို့
တရားနာချိန်တို့
ပရိတ် ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေချိန်တို့
ကောင်းမှုကုသိုလ်လုပ်နေချိန်နဲ့တိုးတယ်
ဆိုရင်..

ကိုယ့်မှာပိုကြောက်စရာကောင်းပါတယ်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်

ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ