မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းစားရေရိက္ခာဖူလုံရေးကို အာမခံနိုင်ရုံသာမက မိမိတိုနိုင်ငံ၏ စိုက်ပျိုးရေးအလားအလာကိုအသုံးပြုပြီး ဒေသတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဈေးကွက်တွင် အရေးပါသည့်ထုတ်လုပ်သူနှင့် တင်ပိုသူနိုင်ငံအဖြစ်၊ တစ်နည်းအားဖြင့် “ကမ္ဘာ့စပါးကျီ” နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်ဖော်ဆောင်နိုင်ရေး ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က “လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံ့ထုတ်ကုန်တိုးတက်မှုသို” အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ထိုပြင် ဆန်စပါးကဏ္ဍတွင် ပြည်တွင်းစားသုံးမှု ဖူလုံရေးနှင့်အတူ…