ထားဝယ်လေဆိပ်ကို နိုင်ငံတကာလေကြောင်းလိုင်း လေယာဉ်ကြီးများပါ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်

ထားဝယ်လေဆိပ်ကို နိုင်ငံတကာတွင် အသုံးပြုနေသည့်လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းသို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် Cargo လေယာဉ်ကြီးများ ဆင်းသက်နိုင်ရန် အဓိကရည်ရွယ်၍ လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိ၌ ထားဝယ်လေဆိပ်သည် ပြေးလမ်းအရှည် ပေ (၁၂,၀ဝဝ) နှင့် အကျယ်ပေ (၁၀ဝ) ရှိကာ လေယာဉ်ကွင်း ဧရိယာ စုစုပေါင်း (၃၆၄ ဒသမ ၆၇၇) ဧကခန့်ရှိသည်။

ထိုနည်းတူ လေယာဉ်ရပ်နားရန် ပေ (၂၀ဝ) ကျော်အကျယ်ရှိ ကွင်း (၂) ခု နှင့် ပေ (၆၀ဝ x ၃၀ဝ) အကျယ်ရှိ ကွင်း (၁) ခု ရှိကာ ပြည်တွင်း၌ ပြေးဆွဲနေသည့် လေယာဉ် (၅) စင်း တပြိုင်တည်းရပ်နားနိုင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *