ခရီးသည်တင်မှန်လုံယာဉ်ကို KNU-PDF ပူးပေါင်းအဖွဲ့ကပစ်ခတ်

အောက်တို ဘာလ ၇ ရက် ရွှေစင်စင်္ကြာယာဉ်(2M-9729 )မှာ ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီးသို့ရောက်ရှိ စဉ် အကြမ်းဖက် KNU/PDF များ၏ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ခရီးသည်တင်ယာဉ်တွင် လိုက်ပါလာသည့် ရန်ကုန်တိုင်း‌ဒေသကြီး၊ကော့မှူးမြို့နယ်တွင်နေထိုင်သည့် အသက် ၃၀ အရွယ် မနွယ်ရီလင်း ဆိုသူဖြစ်ပြီး လက်ဝဲဘက်ပေါင်ရင်းတွင် လက်နက်ငယ်ကျည် ဖောက်ဝင်ဒဏ်ရာတစ်ချက် ရရှိခဲ့ကြောင်း သိရသည်။

KNU-PDF ပူးပေါင်းအဖွဲ့များအနေဖြင့် မွန်ပြည်နယ်အတွင်းခရီးသည်တင်ယာဉ်များကို ပစ်မှတ်ထား၍ မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်ခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများကို အမြဲတစေ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက်တွင် တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်တွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာလ ၁ ရက်တွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများလည်း ရှိခဲ့သည်။