ကုလမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အတွက် ကုလရဲ့ Credential Committee ရဲ့အဆုံးအဖြတ်က အဓိကကျသလို ကော်မတီမှာပါတဲ့ နိုင်ငံတွေက အဆုံးအဖြတ်ပေးလိမ့်မယ်။ အဲ့ဒီကော်မတီမှာ ပါမယ့်နိုင်ငံတွေထဲက ရွေးချယ်ထားတဲ့ ၉ နိုင်ငံက အမြဲတမ်းအဖွဲ့ဝင်ဖြစ်တဲ့ တရုတ်၊ ရုရှားနဲ့ အမေရိကန် အပါအဝင် အခြားနိုင်ငံတွေဖြစ်တဲ့ အင်တီကော်၊ ဗာမြူဒါ၊ ကာဗာဒီ၊ လာအို၊ အယ်မေးနီးယား၊ မိုနာကို အစရှိတဲ့နိုင်ငံတွေပဲဖြစ်တယ်။
ဒီနိုင်ငံတွေကသာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို ကုလရဲ့အမြဲတမ်း ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးချယ်အတည်ပြုခဲ့ရင် သေချာပေါက် ကျော်မိုးထွန်း ထိုင်ခုံပျောက်ပြီး နိုင်ငံရေးခုံလှုံခွင့် ပြည်ပြေးဘဝနဲ့ပဲ အဆုံးသတ်သွားလိမ့်မယ်။
ယခင်က ၂၀၂၁ ကနေစပြီး ၂၀၂၃ အထိ ကျော်မိုးထွန်း ကုလမှာနေရာရဖို့ ဆန္ဒပြု ပေးနေတဲ့ အမေရိကန်ရောက်မြန်မာတွေအနေနဲ့က NUG နဲ့ PDF တွေရဲ့ ရက်စက် ယုတ်မာတဲ့ အကျင့်စရိုက်တွေ၊ လူမဆန်တဲ့ အကြောင်းမဲ့သတ်ဖြတ်မှုတွေကြောင့် NUG ကို ကိုယ်စားပြုနေတဲ့ ကျော်မိုးထွန်းကို ထောက်ခံဖို့ အခု ၂၀၂၄ မှာဆိုရင် သူခိုးမ ပန်ဆယ်လိုဦးဆောင်ဆန္ဒပြတဲ့ ဆယ်ဂဏန်းလောက်ရှိတဲ့လူလောက်ပဲ ကျန်တော့တာ။
ဒါဟာဆိုရင် ကျော်မိုးထွန်းရဲ့ ကျဆုံးခန်းအတွက် နိဒါန်းပျိုးနေပြီ။ အမေရိကန်ရောက် သိန်းနဲ့ချီတဲ့ မြန်မာတွေဆိုတာ တစ်သက်လုံးအပြီးသွား နေကြတာမဟုတ်ဘူး။ အကြောင်းအမျိုးမျိုးနဲ့သွားနေကြတဲ့သူတွေအတွက် အမိ မြန်မာပြည်ကို ခြေစုံကန်လို့မရသလို၊ သူတို့အနေနဲ့ အဖြူ/အမဲဆိုတာ ခွဲခြားတတ်နေပြီ။ ပန်ဆယ်လိုဦးဆောင်တဲ့ ဆန္ဒပြပေးနေတဲ့အဖွဲ့လောက်သာ ကျန်တော့တာ။ ဘာကြောင့် ပန်ဆယ်လိုက ကျော်မိုးထွန်းအတွက် ဆန္ဒပြပေးနေ လည်းဆိုတော့ ကုလမှာနေရာရနေသရွေ့ ပဒက်တွေခေါင်းစဉ်နဲ့ ခွက်ခေါက်မယ်။ ငတုံး PDF တွေရဲ့အသက်နဲ့ရင်းပြီး လုပ်စားအကွက်တွေခင်းမယ်။ ဒါသူ့အကျင့်။ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ နိုင်ငံရေးခေါင်းဝင်လျှိုတဲ့ လုပ်စား လူလည်တွေ။ ဇော်ဝေစိုးလည်း ပန်ဆယ်လိုနဲ့ အလားတူ နိုင်ငံရေးခေါင်းစဉ်ပြပြီး ခိုးစားနေတဲ့သူတွေ။
Credential Committee အရ ဒီနှစ် ၉ နိုင်ငံရဲ့ဖွဲ့စည်းပုံမှာ တရုတ်နဲ့ ရုရှားက နစက ကို လုံးဝအသိအမှတ်ပြုထားတဲ့နိုင်ငံကြီးတွေ။ အလားတူပဲ အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယဆိုတာကလည်း နစကကိုထောက်ခံ အားပေးပြီး သဘောထားမှန်ကန်စွာနဲ့ လက်တွဲနေတဲ့နိုင်ငံ။ ယခင်နှစ်ဖွဲ့စည်းပုံ တွေမှာ မြန်မာကိုမကောင်းမြင်နိုင်ငံတွေအများစုပါဝင်ပေမယ့် ယခုနှစ်ကိုကြည့်ရင် အာဖရိကနဲ့တောင်အမေရိကနိုင်ငံတွေက တရုတ်နဲ့ရုရှားရဲ့လွှမ်းမိုးမှု အားကောင်း တာဖြစ်သလို မြန်မာနိုင်ငံအတွက် အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် စစ်စစ်ကို အများကြီးအထောက်အပံ့ဖြစ်စေလိမ့်မယ်။
ဆိုတော့ ကျော်မိုးထွန်း ထိုင်ခုံပျောက်ဖို့အတွက် ရာခိုင်နှုန်းများနေပြီ။ မြန်မာ့အရေးပြည်တွင်းမှာရော ပြည်ပမှာပါ လာရောက်ဆွေးနွေးခဲ့ကြတဲ့ ကိုယ်စားလှယ်တွေကိုလည်း မြန်မာ နိုင်ငံရဲ့ လက်ရှိဖြစ်တည်မှုကို အကောင်းဆုံးချပြရှင်းလင်းနိုင်ခဲ့သလို အခြေအနေမှန် ကိုလည်းနားလည်လိမ့်မယ်။ ဒါဟာဆိုရင်လက်ရှိကုလမှာ ထိုင်ခုံပေးထိုင်ထားတဲ့ ကျော်မိုးထွန်းကိုဖြုတ်ချပြီး မြန်မာနိုင်ငံရဲ့အမှန်တကယ်ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်စစ်စစ်ကို ရွေးချယ်တာဝန်ခန့်အပ်ဖို့အတွက် များစွာအထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။
နှင်းမောင်
