စက်တင်ဘာ ၂၅ ရက်၊ နေ့လည်ပိုင်းတွင် ထားဝယ်မြို့၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ သဘန်းချောင်းတံတား(မီးရထားလမ်း) အား အကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီးလိုက်ကြောင်း သိရှိရပါတယ်။
မိုင်းကွဲဖြစ်စဉ် ဖြစ်ဖြစ်ချင်း လုံခြုံရေးတပ်ဖွဲ့များက လိုက်လံရှင်းလင်းရာ အဆိုပါတံတားအနီး ပတ်ဝန်းကျင်တွင် အကြမ်းဖက် ၁၅ ဦးခန့်တွေ့ရှိပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိဘဲ ရန်သူ့ထံမှ –
(၁) အကြမ်းဖက် အလောင်း -၃ လောင်း
(၂) ပစ္စတို -၁ လက်
(၃) ကျည်ကပ် -၁ ခု၊ ကျည် -၇ တောင့်
သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။


