ယူတတ်ရင် အကုန်ရတယ်

မြတ်စွာဘုရားရှင်က ဘယ်လောက်ထိ ဟောထားတုန်းဆိုတော့..

ကိုယ့်ရဲ့စားကြွင်းစားကျန် အိုးခွက်လေး ဘာလေး ဆေးတာကအစ သွန်တဲ့အခါမှာ “တိရစ္ဆာန်လေးတွေ စားကြပါစေ”လို့
အာရုံပြုလိုက်ပါတဲ့။

အဲဒီ ဒါနရဲ့အကျိုးက ကိုယ့်ဆီရောက်တာပါပဲ။

ကောင်းပြီ ဒါနဆိုတာ လုပ်မိအောင်လုပ်ပါ ကိုယ့်အတိုင်းအတာအရ ဒါနဆိုတာ လုပ်ရမယ်။

အဲဒီဒါနကို အခြေခံတဲ့ သမထ ဝိပဿနာကျတော့ ဘယ်လိုကျင့်မှာတုန်းဆိုတော့ အခု လှူဒါန်းတာကို စိတ်ထဲ အာရုံထဲမှာ မှတ်ထားပြီးတော့ တစ်နေ့ကို တစ်ခါပဲဖြစ်စေ နှစ်ခါဖြစ်စေ အိပ်ရာဝင် အိပ်ရာထလေးမှာ “တို့”ဘယ်တုန်းက ဒါနကောင်းမှုတွေလုပ်တယ်ဆိုတာ ကိုယ်လုပ်တဲ့ဒါနတွေကို တစ်နေ့မဟုတ် တစ်ခါမဟုတ် အကြိမ်ကြိမ် ကိုယ့်စိတ်ထဲမှာ ဝမ်းသာအားရ ဖြစ်သည်ထိအောင် အထပ်ထပ် ဆင်ခြင်သုံးသပ်တာကို စာဂါနုဿတိကမ္မဋ္ဌာန်းလို့ခေါ်တာ။

သူက သမထကျင့်စဉ်ဖြစ်လာတယ်နော်။
အဲဒီအပေါ်မှာ စိတ်လေးညိမ်လာပြီးလို့ရှိရင် “သမထ”ဖြစ်လာတာ။
အဲဒါကို ဒါနအခြေခံတဲ့ သမထလို့ခေါ်တယ်။

အဲဒီလို ကျင့်လို့ သမာဓိရပြီး ပီတိတွေဖြစ်လာသည်ထိအောင် ဆင်ခြင်စဉ်းစားရင် အဲဒါ သမထဘာဝနာ။

ဝိပဿနာဖြစ်အောင်ကျတော့ စဉ်းစားလို့လွယ်တယ်။

အေး လှူခဲ့တဲ့ဆွမ်း ခုမရှိတော့ဘူး အဝတ်သင်္ကန်းလှူရင်လည်း အဝတ်သင်္ကန်းဆိုတာ တစ်နှစ်ဝတ်ရုံလိုက်တယ်ဆိုရင် တစ်နှစ်အတွင်းမှာပဲ ဟောင်းနွမ်းသွားတယ်။
တစ်ခုစီ ဒီလိုစဉ်းစားကြည့်ပြီး ဘယ်အရာမှ မမြဲဘူး တို့အဲဒီတုန်းက ဖြစ်ခဲ့တဲ့ စေတနာတွေကလည်း သင်္ခါရသဘောအရ ပျက်စီးသွားပြီ အကြောင်းတိုက်ဆိုင်လို့ ဖြစ်လာတဲ့ သဘာဝတရားတွေက ဖြစ်ပြီးရင် ပျက်သွားတာပဲ တို့လှူခဲ့တဲ့ ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ်အရသာဆိုတဲ့ သဘာဝတရားတွေဟာ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘာဝတရားဖြစ်သောကြောင့် အနိစ္စ မမြဲတဲ့အန္တရာယ်ကြီးက အမြဲတမ်းနှိပ်စက်နေလို့ အနိစ္စ။ ဒုက္ခ မမြဲတဲ့သဘောတရားကြီးက အမြဲတမ်းနှိပ်စက်နေလို့ ဒုက္ခ။

အနတ္တ အဲဒီလို အမြဲတမ်းနှိပ်စက်နေတာကို ကိုယ်ကတားဆီး ထိန်းချုပ်ခြင်းငှာ ဘာမှမတတ်နိုင်လို့ အနတ္တ စတဲ့ ဒီသဘောလေးတွေကို ဆင်ခြင်စဉ်းစားခြင်းအားဖြင့် “ဒါနကနေဆင့်ပွားပြီးတော့

ဝိပဿနာတရားဖြစ်လာတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏