🌷အတွေးတွေကိုသတိထားပါ🌷
အတွေးတွေရဲ့နောက်မှာ
ကြောက်စရာတွေလည်းဖြစ်လာနိုင်သလို
ကောင်းတာတွေလည်းဖြစ်လာနိုင်ပါတယ်
အတွေးတွေရဲ့နောက်ကိုလိုက်ပါသွားရင်း
မကောင်းမှုတွေလည်းပြောဆိုပြုလုပ်မိကြ
သလို
ကောင်းမှုတွေလည်းပြုမိကြပါတယ်။
မကောင်းတဲ့အတွေးတွေကို အချိန်ကြာ
ကြာတွေးတောမိတော့
မကောင်းတဲ့အပြောအဆိုအပြုအမူတွေကိုပြုလုပ်မိကြတော့တာပဲ။
ထိုနည်းတူစွာ
ငါ သူတစ်ပါး မထိခိုက်မနစ်နာစေမယ့်
စင်ကြယ်သန့်ရှင်းအပြစ်ကင်းတဲ့အတွေး
လေးတွေကို
အချိန်ကြာကြာတွေးတောမိပြန်တော့
အပြောအဆိုအပြုအမူကောင်းလေးတွေကိုပြုလုပ်မိတော့တာပေါ့။
ဒါ့ကြောင့် အတွေးတွေကို သတိထားပါ။
မကောင်းတဲ့အတွေးတွေကြောင့်ပဲ ကံဆိုး
မိုးမှောင်ကြတတ်သလို
စင်ကြယ်သန့်ရှင်းအပြစ်ကင်းတဲ့အတွေး
တွေကြောင့်ပဲ
ကောင်းကံတွေဟာ ဖြစ်လာကြတာပါပဲ။
မေတ္တာဖြင့်
အရှင်ဇဝန(လယ်ဝေး)