🌷မေတ္တာရောင်ပြန်🌷
🌻 အစွန်းရောက်သွားပြီ ဆိုလျှင်…
အသိဥာဏ်ကို အမှောင်ဖုံးပြီး
အမှန်နှင့် အမှားကို
ခွဲခြားနိုင်စွမ်း မရှိတော့ပါဘူး…။
🌻 ငါ လုပ်တာသာ..
အဟုတ်ထင်နေတဲ့အတွက်
သူများ ဘာလုပ်လုပ် မဟုတ်ဘူးလို့
မြင်တော့တာပါပဲ…။
🌻 ငါ ပြောတာသာအမှန်ထင်နေတဲ့
အတွက်သူများဘာပြောပြော မမှန်ဘူး
လို့မြင်တော့တာပါပဲ…။
🌻 “အကျိုးကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်
အကြောင်းကို ကြည့်ရတယ်”…။
🌻 “အကြောင်းကို ကြည့်ပြီး
အပြစ် မြင်တော့မည် ဆိုလျှင်လည်း
အကျိုးကို ကြည့်ရပါတယ်”…။
🌻 “အကြောင်း အကျိုးကို
မညှိထားတဲ့ အသိဟာ
အကောင်း, အဆိုးကိုလည်း
ခွဲခြားပြီး မသိနိုင်ပါဘူး”…။
🌻 လူ့ဘဝက –
တခြား ဘဝ တွေထက် သာတာဟာ
အဲဒီ အသိဉာဏ်တွေ ရှိလို့ပါ…။
🌻 မြတ်စွာဘုရားကလည်း
မှာခဲ့တယ် မဟုတ်ပါလား…?
အသိဉာဏ်ပါတဲ့ ယုံကြည်မှုမျိုးကသာ
ကိုယ့်သန္တာန်မှာ ရေရှည် တည်မြဲတာပါ…၊
အသိဥာဏ်နှင့် ယှဉ်တဲ့
ယုံကြည်မှုမျိုးကသာ ကိုယ့်အတွက်
ကောင်းကျိုးများစွာကို ဖြစ်စေမှာပါ…။