တိုင်းရင်းသားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ပျက်စီးစေသော အကြမ်းဖက်လုပ်ရပ်များကိုစက်ဆုပ်ရွံရှာခြင်း၊ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လိုခြင်း၊ အေးချမ်းစွာပညာသင်ကြားလိုခြင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေပြဋ္ဌာန်း၍ လက်ကမ်းကြိုဆိုခဲ့မှုကြောင့် ဥပဒေ၏ အရိပ်အောက်တွင် မိသားစုနှင့်အတူ ပေါင်းစည်းကာ လွတ်လပ်စွာနေထိုင်လုပ်ကိုင်လိုခြင်း၊ ဥပဒေဘောင်အတွင်း ဝင်ရောက်ရာတွင်လည်း လုံခြုံမှုရှိစွာဖြင့် ပြည်သူလူထုအတွင်း လွတ်လပ်စွာ နေထိုင်လုပ်ကိုင်ခွင့်ရရှိအောင် သက်ဆိုင်ရာတာဝန်ရှိသူများက စီမံဆောင်ရွက်ပေးခြင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာခြင်းတို့ကြောင့် PDF အမည်ခံအဖွဲ့ဝင်များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လျက်ရှိကြသည်။…