ထန်တလန်မှာ အလောင်း/ လက်နက်များ ထပ်မံရရှိ

မနေ့က ဩဂုတ်လ ၇ ရက်နေ့မှာ ထန်တလန်မြို့နယ်၊ တာဝါတိုင်စခန်းကို ချင်း PDF ၁၀၀ ကျော်က Drop Bomb ၇ လုံး ကြဲချပြီး ဝင်ရောက်တိုက်ခိုက်လို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မှန်ကန်သော ခံစစ်ပြင်ဆင်ထားရှိမှု၊ စစ်သည်များ၏ ရဲဝံ့စွန့်စားစွာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဆင်နွှဲမှု၊ အမြောက်ပစ်ကူထိရောက်မှု တို့ကြောင့် ရန်သူ့အလောင်း (၃၀)လောင်း၊ သေနတ် (၁၄)လက် ရရှိခဲ့ပါတယ်။

ဩဂုတ် ၈ ရက် (ဒီနေ့)မှာ နယ်မြေဆက်လက်ရှင်းလင်းရာ အောက်ပါ အလောင်း/လက်နက်အချို့ ထပ်မံရရှိခဲ့ပါတယ်-
(၁) ရန်သူ့အလောင်း ၁၂ လောင်း
(၂) သေနတ်မျိုးစုံ ၇ လက်

  • KA သေနတ် ၅ လက်
  • M-79 သေနတ် ၁ လက်
  • M-4 သေနတ် ၁ လက်

ဒါကြောင့် ထန်တလန်၊ တာဝါတိုင်စခန်းတိုက်ပွဲတွင် ၂ ရက်အတွင်း ရန်သူ့အလောင်း (၄၂)လောင်း၊ သေနတ် (၂၁) လက် ရရှိခဲ့ပြီး မိမိစစ်သည် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။

ရန်သူကို မဆုတ်မနစ်၊ ရဲဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ မြန်မာ့တပ်မတော်သားများကို လေးစားဂုဏ်ယူ၍ ဒီပို့စ်ဖြင့် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

တရားသောစစ် အောင်ရမည်။