နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ်စီအသီးသီးရှိကြသည်။ တပ်မတော်တစ်ရပ်ခိုင်မာစွာတည် ရှိနေ မှသာ ထိုနိုင်ငံသည်လည်း အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲနေပေလိမ့်မည်။ ကမ္ဘာပေါ်တွင် ကျစ်လျစ် ခိုင်မာစွာတည်ရှိနေသောတပ်မတော်များ၌ မြန်မာ့တပ်မတော်သည် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာ နိုင်ငံသည် ကွဲပြားခြားနားသော ပထဝီအနေအထား၊ အသွေး အရောင်မတူသည့် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။
တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုအခန်းကဏ္ဍတွင် အဓိကကဏ္ဍမှပါဝင်ခဲ့ပြီး လွတ်လပ်ရေး ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင်လည်း ပင်မမဏ္ဍိုင်မှပါဝင်ခဲ့သည်။ တိုင်းပြည်တွင် ဖြစ်ပေါ်ခဲ့ သည့် အခြေအနေအရပ်ရပ်ကြောင့် အရေးသုံးပါးကို ထိခိုက်ပျက်စီးခြင်းမရှိစေရန်အတွက် တပ်မတော်သည် နိုင်ငံ့တာဝန်များကို မလွှဲသာမရှောင်သာဘဲ တာဝန်ယူခဲ့ရသည်။ တပ်မတော်သည် သမိုင်းအဆက်ဆက်တွင် အမျိုးသားရေးလိုအပ်ချက်မှန်သမျှကို ရယူတည်ဆောက်ပေးခဲ့သည်။ သမိုင်းကြောင်းအခြေအနေအရ ဖြစ် ပေါ်လာသော ပြဿနာအရပ်ရပ်ကို ပီပီပြင်ပြင်ဖြေရှင်းပေးခဲ့သည်။
တပ်မတော်သည်မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုနှင့် ပေါ်ပေါက်လာခဲ့ပြီး ရရှိထားသော လွတ်လပ်ရေးကြီးပြန်လည် ဆုံးရှုံးမသွားစေရန် ကာကွယ် စောင့် ရှောက် လျက်ရှိ သည့်အတွက် ပြည်သူများ မှတစ်ခဲနက်အားပေးထောက်ခံကာတရားသောစစ်အောင်နိုင်ရေးအတွက် တက်နိုင်သည့်အားဖြင့် ပါဝင်ကူညီ ဆောင်ရွက်နေသည်ကို ပီတိဖြစ်ဖွယ်တွေ့မြင်နေရသည်မှာ ကြည်နူးဖွယ်ရာအတိပင်ဖြစ်ပါသည်။
သို့ဖြစ်ရာ သမိုင်းအစဉ်အလာ ကောင်းမြတ်ခဲ့သည့် တပ်မတော်သည် ခေတ်အဆက်ဆက်၌ တိုင်းပြည် ကာကွယ်ရေးနှင့်တည်ဆောက်ရေးအတွက်ပေးအပ်သည့် တာဝန်များကိုကျေပွန်စွာထမ်းရွက်ခဲ့သလို မျက် မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားများကို ကျေပွန်စွာ ကာ ကွယ် စောင့်ရှောက်ပေးလျက်ရှိသည့် တပ်မတော်ကို ဂုဏ်ယူစွာတွေ့မြင်နေရမှာဖြစ်ပါတယ်။
