နိုင်ငံတော်သံဃမဟာနာယကအဖွဲ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ ဆောင်ရွက်မည့် အဋ္ဌကထာ ကျမ်းစာအုပ် (၅၁) အုပ်ကို ကွန်ပျူတာစာမူစနစ်ဖြင့် ပြန်လည်ထုတ်ဝေမည်ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြိုတို့ ရှိ သာသနာ့တက္ကသိုလ်ကြီးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ စာချစာသင်ရဟန်းတော်များ အသုံးပြုလျက်ရှိသည့် ပိဋကတ် သုံးပုံပါဠိတော်အဖွင့် အဋ္ဌကထာကျမ်းစာအုပ် (၅၁) အုပ်တိုကို ဆဋ္ဌမူအတိုင်း စာမျက်နှာ၊ စာသားနှင့် စာလုံးရေ ပြောင်းလဲမှုမရှိဘဲ စာလုံးအနေအထား သန့်ရှင်းသပ်ရပ်မှုရှိသည့် ကွန်ပျူတာစာမူစနစ်ဖြင့် ကျမ်းစာအုပ် တစ်မျိုးလျှင် အုပ်ရေ (၁၀၀၀) စီ ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။