ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ် သက်၍ ဆွေးနွေးပွဲကျင်းပ

ပြည်တွင်း ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ဖက်ဒရယ်လား/အကြမ်းဖက်လား ခေါင်းစဉ် ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဇူလိုင်လ ၂၁ ရက်တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ကျင်းပခဲ့ပါသည်။

  • နိုင်ငံရေးသုတေသီ ဦးအောင်ဖြိုးကျော်က တိုင်းရင်းသား လက်နက်ကိုင်များ သည် ဖက်ဒရယ်ကို သွားနေသည်ဟုဆိုသော်လည်း လက်နက်ကိုင်၍ အကြမ်း ဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ကိုသာ တွေ့ရှိရကြောင်း၊ ဗဟိုအစိုးရနှင့်ပြည်နယ်အစိုးရ ပူးပေါင်းဆောင်ရွက်မှုသည် ဖက်ဒရယ်လမ်းစဉ်ဖြစ်၍ အောင်မြင်မှုရရှိခဲ့သည်ကို ၂၀၁၀-၂၀၁၅ တွင် တွေ့မြင်ခဲ့ရမည်ဖြစ် ကြောင်း၊ လက်နက်ကိုင်အဖွဲ့များသည် ဖက်ဒရယ်ကိုအကြောင်းပြပြီး ၎င်းတို့အကျိုးစီးပွားအတွက် ဆောင်ရွက်နေသူများဖြစ်ကြောင်း၊
  • သေနင်္ဂ မဟာဗျူဟာလေ့လာရေးအဖွဲ့ ဒေါက်တာနိုင်ဆွေဦးက လက်နက်စွဲကိုင်ပြီး အစိုးရကို တိုက်ခိုက်ခြင်း၊ ပြည်သူကို သတ်ဖြတ်ခြင်းသည် ဖက်ဒရယ်စနစ်ကို လိုလားသူများမဟုတ်ဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖျက်ဆီးခြင်းသာဖြစ်ကြောင်း၊ တိုက်ခိုက်သတ်ဖြတ်၍ နယ်မြေများရယူခြင်းသည် အကြမ်းဖက်လုပ်ရပ်သာဖြစ်ပြီး ပြည်သူများ ထိခိုက်နစ်နာပြီး တိုင်းပြည်အစိတ်စိတ်အမြွှာမြွှာ ကွဲသွားနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်နေသော အကြမ်း ဖက်သမားများ အား ဆန့်ကျင်ရှုတ်ချပြီး တပ်မတော်နှင့်အတူ ပူးပေါင်းလက်တွဲကာကွယ်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့သိရပါတယ်။