ကရင်ပြည်နယ် ဒေါနတောင်ကျော် မြဝတီ-ထိုကော်ကိုးလမ်းပိုင်း ပြုပြင်ရန်အတွက် ဇူလိုင် ၁၈ ရက်မှ ၂၀ ရက်ထိ မော်တော်ယာဉ်များ သွားလာခြင်းအား သုံးရက်တာ ခေတ္တပိတ်ထားမယ်လို့သိရပါတယ်။
ခေတ္တပိတ်ထားမည့် သုံးရက်တာကာလအတွင်း မိုးရွာသွန်းခြင်းကြောင့် မြေသားပြိုကျခြင်းနှင့် ရွံနွံများရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြဝတီ-ကျော်ခို-ထိုကော်ကိုးလမ်းပိုင်းမှ မည်သည့် ယာဉ်ကြီး၊ ယာဉ်ငယ် မည်သည်ယာဉ်မှ သွားလာခွင့်ပြုမည်မဟုတ်ဘူးလို့လည်းသိရပါတယ်။ #Crd