အတိတ်တဘောင်နိမိတ်များနှင့် အမဲလိုက်ချိန်ရောက်တော့မည်

အတိတ်တွေတဘောင်တွေ၊ နိမိတ်တွေ ယုံလို့မဟုတ်ပေမယ့် တခါတလေ လောကကြီးမှာ မထင်မှတ်တာတွေဟာ တိုက်ဆိုင်မှုအလားဖြစ်လာတတ်တယ်။ အထူးသဖြင့် မြန်မာ့လူ့ဘောင်မှာ အတိတ် တဘောင်နိမိတ်တွေက ပစ်ပယ်လို့မရ။ ရှေးပဝေသဏီ အဆက်ဆက်ကတည်းက ယုံကြည်လက်ခံ လာကြတာပါ။

ဥပမာဖြစ်ရပ်တွေပေးမယ်ဆိုအများကြီး။ မျက်မှောက်ကာလမှာ ကြုံတွေ့နေရတဲ့ဖြစ်ရပ်တွေကြည့်ရင်… ဆန္ဒပြကြတုန်းက ဆန်စေ့တွေကျဲ တစ်စေ့ချင်းကောက်ခဲ့ကြတာ ယခုအစစအရာရာရှားပါးလာကြပြီ။ ထို့အတူပဲ အိုးတွေခွက်တွေတီး ဆူဆူညံညံလုပ်ခဲ့ကြတာ အခုမြန်မာတပြည်လုံးဝုန်းဒိုင်းကြဲနေတာပဲ မဟုတ်လား။ ဒါတွေက လိုရာဆွဲပြောတယ်ထင်ရင်လည်းထင်ကြပေါ့ .. ထင်လို့ရတာပဲ။

မဖဲဝါပုံတွေနဲ့ Performance လုပ် ဆန္ဒပြခဲ့ကြတာ မြန်မာပြည်အရပ်ရပ် အစိမ်းသေသေ ကြရတာတွေ အများကြီးအများကြီးဖြစ်လာတာပဲ။ ချစ်သုဝေရဲ့ အဖေလားမသိဘူး ဗုဒ္ဓမြတ်စွာရဲ့ မျက်နှာတော်ကို ကြောက်စရာအသွင်ရေးဆွဲပုံဖေါ်ခဲ့တာ… အခုဗုဒ္ဓဘာသာကို အကြီးအကျယ်အပုတ်ချ တိုက်ခိုက်ပုံဖျက်လာ နေတာ ခံနေကြရတယ်။

NUG ကို အနူဂျီးသုံးလိုက်ကြတာ NUG ခမျာ လက်ဖြန့်ခံ ခွက်ခေါက်တောင်းနေရတဲ့အဖွဲ့တစ်ဖွဲ့လို ဖြစ်နေတာပဲလေ။ ဟိုးယခင် အနူရောဂါသည်တွေမှန်သမျှ လူတွေကြားတောင်းစားကြသူတွေ။ ထို့အတူပဲ …ပဒတ်..ပဒတ်ဆိုတဲ့အတိုင်း တွင်းထဲကထွက်တာနဲ့ကွိကနဲကွိကနဲဖမ်းခံနေရတာ။ ဟော… တလောက နဂါး….နဂါး… နေရာတကာနဂါး အတော်ခေတ်စားလိုက်တာ အခုအရှေ့ဘက်က နဂါးကြီး နဂါးလေးတွေအမောက်ထောင်နေပြီ။

အခုနောက်ဆုံး အဆိုတော်ကြီးရဲ့ အမဲလိုက်အက…… ဘယ်သူက ဘယ်သူ့ကို အမဲလိုက်ကြမလဲတော့ မသိဘူး။ အမဲလိုက်အကသီချင်းက အတော်အုံးအုံးကျွက်ကျွက်ဖြစ်ခဲ့ပြန်ပြီ။ သေချာတာကတော့ အမဲလိုက်တယ်ဆိုမှတော့ တောထဲဘဲလိုက်ကြတာဆိုတော့ မြို့ပေါ်တော့မဖြစ်နိုင်ဘူး။ တောထဲက သူပုန်လက်နက်ကိုင်သောင်းကျန်းသူတွေကို တောထဲထိ အမဲလိုက်ချိန်တော့ရောက်လာတော့မယ့် အတိတ်နိမိတ်လို့ယူကြရတော့မယ်။ (အယူသည်းကြည့်တာပါလေ)

အကောင်းဘက်က တွေးကြည့်ရင် တလောကဆရာတပည့်နှစ်ယောက်ရဲ့ ချစ်စရာ v-file လေး အတော်ပျံ့နှံ့ လူပြောများခဲ့တယ်။ ချစ်စရာပျော်စရာလေးတွေလည်း ကြုံလာကြရအုံးမှာပါ။

ဒါကြောင့်မြန်မာ့လူ့အဖွဲ့အစည်းမှာ ၁၂ ရာသီပန်းအလှတွေ၊ ၁၂ ရာသီဘာသာရေးပွဲပျော်ပွဲရွင်ပွဲတွေနဲ့ ရှေးလူကြီးတွေက အတိတ်ကောင်းနိမိတ်ကောင်းတွေ စီမံသွားကြတာထင်တယ်။ (ကိုယ့်ဟာကိုယ်တွေးမိတာပါ)

ဘာဘဲပြောပြော မြန်မာပြည်ကြီး၊ မြန်မာပြည်သူပြည်သားတွေ မကြာခင်ကာလမှာ ၁၂ ရာသီကာလပါတ်လုံး အေးချမ်းပျော်ရွင်သာယာနေတဲ့ အနေအထားကိုမလွဲမသွေပြန်ရောက်မယ်လို့ လုံးဝဉသုံ အလုံးစုံ ယုံကြည်ပါတယ်။

တတိုင်းပြည်သူလုံး၊ မြန်မာပြည်သား အယုတ် အလတ် အမြတ်၊ ဘာသာခြား၊ လူမျိုးခြား မရွေး အားလုံးမေတ္တာစိတ်ကလေးတွေ ကိုယ်စီပွားများကြရင် မကြာမီအချိန်ကာလ ပြန်လည်အေးချမ်း သာယာပါလိမ့်မယ်။

Crd.ပြည်ထောင်စု