ကရင်ပြည်နယ်၊ မြဝတီမြိုနယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၀ ဦးကို ထိုင်းအစိုးရထံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) က ဖေဖော်ဝါရီလ ၁၂ ရက်တွင် လွှဲပြောင်းလိုက်ကြောင်း ဒေသတွင်း သတင်းများအရ သိရပါတယ်။
အမျိုးသား ၂၂၁ ဦးနှင့် အမျိုးသမီး ၃၉ ပါဝင်သော လူကုန်ကူးခံ နိုင်ငံခြားသားများမှာ အီသီယိုးပီးယားနိုင်ငံသား ၁၃၈ ဦး၊ ကင်ညာနိုင်ငံသား ၂၃ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား ၁၆ ဦး၊ မလေးရှားနိုင်ငံသား ၁၅ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၂ ဦးနှင့် တရုတ်နိုင်ငံသား ၁၀ ဦးတို အပြင် တန်ဇန်းနီးယား၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ နိုင်ဂျီးရီးယား၊ ဂါနာနှင့် အိန္ဒိယ တိုမှ တစ်ဦးစီပါဝင်သည်ဟု Khaosod သတင်းဌာနက ကနဦးဖော်ပြထားကြောင်း သိရပါတယ်။#crd




