⚠️သတိထားကြပါရန် ( Warning )⚠️

ကိုရီးယားနိုင်ငံသို ရာသီချိန်လုပ်သား စေလွှတ်မည်ဟုဆိုကာ လိမ်လည်မှုဖြစ်စဉ်များရှိနေ၍ သတိထားကြဖို မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲချုပ် (MOEAF)က တိုက်တွန်းထားပါတယ်။

လက်ရှိကာလမှာ လုပ်သားစေလွှတ်နိုင်ရေး ကြိုးပမ်းနေဆဲဖြစ်ပြီး မြေပြင်တွင် ပွဲစားများက လုပ်သားများ စေလွှတ်တော့မည်ဆိုကာ ပိုက်ဆံကောက်ခံမှုတွေရှိနေကြောင်း သိရပါတယ်။ တရားဝင်စာမထွက် သေးဘဲ အယုံမလွယ်ကြဖို လိုပါတယ်။

အယုံလွယ်သူများဟာ မရှိ ရှိရာများကို ထုခွဲရောင်းချ ပေါင်နှံချေးငှားပြီး ပွဲစားများထံ ပိုက်ဆံများပေးသွင်း နေကြတယ်လို သိရပါတယ်။ ဒါကြောင့် ပြည်ပအလုပ်အကိုင်ရှာချင်သူတွေအနေနဲ့ သေချာစုံစမ်းပြီး လိုင်စင်ရ Agency များနဲ့ ချိတ်ဆက်ကာ ပွဲစားမခံဘဲ တိုက်ရိုက်သွားကြရန် အကြံပြုပြောကြားထားပါတယ်။ ကိုရီးယား နိုင်ငံသို အစိုးရ၏ပြည်ပအလုပ်အကိုင် Agency (POEA) မှတစ်ဆင့် EPS စနစ်နဲ့သာ မြန်မာလုပ်သားတွေကို စေလွှတ်လျက်ရှိကြောင်းလည်း သိရပါတယ်။

ခင်ညိုချော