ဆီဆိုင်မြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိနေပြီ

၂၀၂၄ မေလမှစ၍ ဆီဆိုင်မြို့ နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိရာ ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံ ပြည်သူများ(၅၀ ရာခိုင်နှုန်း)အတွက် လျှပ်စစ်မီးပြန်လည်ရရှိရေး ဆီဆိုင် မြို့ နယ်လျှပ်စစ်ဓာတ် အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့ နယ်တာဝန်ခံနှင့် ဝန်ထမ်းများမှ (၃၃/၁၁)ကေဗွီ၊ (၅)အေဗွီ မိန်းထရန်စဖော်မာ(၁)လုံး၊ (၁၁) ကေဗွီ ဓာတ်အားလိုင်း (၁၁၃)ခန်း၊ (၄၀၀)ဗို့ ဓာတ်အားလိုင်း(၃၅၉)ခန်း၊ ချိုယွင်းပျက်စီးခဲ့သည့်(၁၁/၀.၄)ကေဗွီ၊ (၂၀၀) ကေဗွီထရန်စဖော်မာ (၈)လုံးတို့ အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ၂၀၂၄ ဇွန် ၅ ရက်တွင် မြို့ ပေါ်ရှိဘုန်းတော်ကြီးကျောင်းများ၊ ဌာန ဆိုင်ရာရုံး(၆)ရုံးနှင့် ဒေသခံပြည်သူနေအိမ်(၂၉၅)လုံး လျှပ်စစ်မီးပြန်လည် ရရှိနေပြီဖြစ်ကြောင်းနှင့် လျှပ်စစ်မီးမရရှိသေးသည့် ဌာနဆိုင်ရာရုံးနှင့် ဒေသခံပြည်သူနေအိမ်များအားလျှပ်စစ်မီးကြိုးသွယ်တန်းခြင်း၊ ပြုပြင်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။