ကုလသမဂ္ဂတွင် ကျင်းပခဲ့သော မြန်မာလူငယ်နှင့်ကလေးငယ်များအရေး တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့တဲ့ ရုရှားသံအမတ်ကြီးစတာနီလက်ဗ် ဆူပရမ်ကိုရဲ့ပြောကြားချက်
• မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲများသည် “Civil Disobedience Movement” CDMတွင် ပါဝင်ရန် ငြင်းဆန်ပြီး အစိုးရလုပ်ငန်းများဆက်လက်လုပ်ကိုင်နေသည့် ဆရာဝန်များအပါအဝင် ကျန်းမာရေး ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်များကို သတ်ဖြတ် ခြင်း၊ ထိခိုက်နစ်စေရန် လုပ်ဆောင်ခြင်းများ ဆောင်ရွက်လျက်ရှိနေ။
• လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးနိုင်ရန်အတွက် အကြမ်းဖက်တိုက်ခိုက်မှုများကို လျှော့ချ ရန်လိုပြီး နိုင်ငံတကာအဖွဲစည်းများအနေဖြင့်လည်း မြန်မာအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်၍ ကူညီထောက်ပံ့ပေးရန်လုပ်ဆောင်သင့်။
• နိုင်ငံအချိုသည် မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးရမည့်အစား ခြိမ်းခြောက်မှုများနှင့် ပိတ်ဆိုမှု ချမှတ် ခြင်းလုပ်ဆောင်ခြင်းကို ပိုမိုနှစ်သက်နေ။
• မြန်မာအစိုးရဆန့်ကျင့်ရေးအုပ်စုများကို နိုင်ငံအချိုက ကူညီထောက်ပံ့ပေးခြင်းများသည် မြန်မာ နိုင်ငံတွင် မတည်ငြိမ်မှုများပိုမိုဖြစ်လာစေမှုနှင့်အတူ လက်နက်ကိုင်ပဋိပက္ခများ အချိန်ပိုကြာစေကာ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာစေခဲ့ခြင်းဖြစ်။
• တစ်ဖက်သတ်ပိတ်ဆိုမှုများကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးအခက်အခဲဖြစ်မှုများသည် လူငယ် မျိုးဆက်များအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများဖြစ်လာစေခဲ့။
• မြန်မာနိုင်ငံ၏ လက်ရှိအခြေနေများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိသဖြင့် မြန်မာအရေးကိစ္စကို လုံခြုံရေးကောင်စီ ကြိုးပမ်းအားထုတ်ရန်မလို။
• မြန်မာနိုင်ငံအပေါ် အကြောင်းအမျိုးမျိုးပြပြီး နောက်ထပ်ဖိအားပေးရန် ကြိုးပမ်းမှုများကိုလည်း လက်ခံမည်မဟုတ်။
• ရုရှားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့်လူငယ်များအပါအဝင် လိုအပ်သောအရာ အားလုံးကို ကူညီထောက်ပံ့ပေးလျက်ရှိ။
• တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် စေ့စပ်ညှိနှိင်းရေးလုပ်ငန်းများ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ အတွက် ချီးကျုးပါကြောင်း။