ထိုင်းနိုင်ငံတောင်ပိုင်းရှိ နယ်စပ်ဒေသတွေမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်ဇူလိုင်လအထိဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေကြောင့် လူပေါင်း ၃၂၇၀ ထိခိုက်သေဆုံးရပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၁၂၇၁ ခုအထိ ရှိခဲ့တယ်လို့ စာရင်းအချက်အလက်တွေအရ သိရပါတယ်။ ဒီအချက်အလက်တွေကို တောင်ပိုင်းနယ်စပ်ဒေသ အုပ်ချုပ်ရေးဌာနနဲ့ ဒေသတွင်းသတင်းဌာနတစ်ခုတို့က ဩဂုတ်လ၂၃ ရက်မှာထုတ်ပြန်လိုက်တာပါ။ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် ၂၀၁၇ ခုနှစ်မှာအကြမ်းဖက်မှု ၁၇၅ မှုအထိရှိခဲ့ရာကနေ ၂၀၂၀ ပြည့်နှစ်မှာ…