ချင်းပြည်နယ် ဖလမ်းမြို့ ဗလိုင်ရပ်ကွက် ဗဟိုကျောင်းလမ်းတစ်လျှောက်ရှိ အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးသွားသည့် အပျက်အစီးများကို ယနေ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ဖယ်ရှား ရှင်းလင်းခြင်း၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ ပြုလုပ်ကြသည်။ ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ကျော်စွာဦးသည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးကော်မတီအဖွဲ့ဝင်များ၊ ဖလမ်းမြို့ပြန်လည်ထူထောင်ရေးနှင့်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ စုပေါင်းလုပ်အားပေးအင်အား ၂၅၂ ဦးကို မုန့်နှင့်အချိုရည်များပေးဝေကြသည်။ ထို့ပြင်…