လာလီဂါကလပ် ဂရန််နာဒါအသင်းဟာ မန်ယူအသင်းရဲ့ ဥရုဂွေး လက်ရွေးစင် ညာတောင်ပံကစားသမား ပယ်လီစထရီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။
မန်ယူ တောင်ပံကစားသမားဖြစ်တဲ့ ပယ်လီစထရီဟာ ဂရန်နာဒါနဲ့ အငှားစာချုပ်ကို လက်မှတ်ရေးထိုးဖို့အတွက် စပိန်ကို ရောက်နေပြီဖြစ်ပါတယ်။
ပယ်လီစထရီဟာ မန်ယူအသင်းမှာ အသင်းကြီးနဲ့အတူ ပွဲထွက်ခွင့် ကန့်သတ်ခံထားရတဲ့ ကစားသမားဖြစ်ပြီး အန်တိုနီနဲ့ ဂါနာချိုတို့ နောက်မှာပဲ ပွဲထွက်ခွင့် ရနေတာပါ။
မန်ယူဟာ ပယ်လီစထရီ ကို ဥရုဂွေးကလပ် ပင်နာရိုအသင်းကနေ ပေါင် ၉ သန်းနဲ့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ ခေါ်ခဲ့တာဖြစ်ပါတယ်။
