မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့၏ နယ်စပ်ဖြစ်သော ကျိုက်ထိုမြို့နယ်နှင့်ရွှေကျင်မြို့နယ်အတွင်း ခိုအောင်း၍ အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည့် KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့်၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ အခြေပြုနေထိုင်ရာ စခန်းများအား တပ်မတော်စစ်ကြောင်းများက စနစ်တကျချီတက်တိုက်ခိုက်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။ KNU၊ KNLA အပါအဝင် CRPH၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မွန်ပြည်နယ်၊ သိမ်ဇရပ်-ကျိုက်ထိုဒေသနှင့်ပဲခူးတိုင်းဒေသကြီး နယ်မြေအစပ်တို့ရှိသွားလာရေးခက်ခဲသော တောတောင်များအတွင်းအခြေပြုနေထိုင်၍ တရားဥပဒေမဲ့ မသမာသောနည်းလမ်းမျိုးစုံမှရရှိလာသော အကျိုးအမြတ်များဖြင့် အဖျက်အမှောင့်လုပ်ရပ်များလုပ်ဆောင်ရာတွင်အသုံးပြုသော လက်လုပ်စိန်ပြောင်းများ၊လက်လုပ် သေနတ်များ၊ ခဲယမ်းများနှင့်ဖောက်ခွဲရေးသုံးပစ္စည်းများကိုပြုလုပ်ပြီး လက်နက်အားကိုးဖြင့် ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုနေကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများအား အနိုင်ကျင့်ဗိုလ်ကျကာ ကျေးရွာများအတွင်းနှင့်အနီးဝန်းကျင်တို့တွင် ယာယီအခြေပြုစခန်းများ တည်ဆောက်နေထိုင်လျက်ရှိကြကြောင်းသိရသည်။ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသများ၌ ယာယီစိုးမိုးအခြေပြုစဉ်ကာလအတွင်း ဒေသခံပြည်သူများ၏နေအိမ်များ၊ ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၌ သဲအိတ်များဖြင့် ဘန်ကာများတည်ဆောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသော ကျေးရွာများမှဒေသခံပြည်သူများ၊ ရဟန်းသံဃာများနှင့်သစ္စာရှိနိုင်ငံ့ဝန်ထမ်းများအား “ဒလန်” ခေါင်းစဉ်တပ်စွပ်စွဲပြီး ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများကို တရားဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့ပြင် ၎င်းဒေသအတွင်းရှိဒေသခံပြည်သူလူထု၏ ကုန်စည်ပို့ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည့် ကုန်တင်ကားများနှင့်ခရီးသွားမော်တော်ယာဉ် များအား ဆက်ကြေးကောက်ခံခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများအား မိုင်းထောင်ခြင်း၊ လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ ခရီးသွားပြည်သူများအားအကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာလုပ်ဆောင်လျက်ရှိသဖြင့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ များစွာထိခိုက်နစ်နာခဲ့ရသည်။ NUG၊ CRPH တို့အနေဖြင့် KNU၊ KNLA အဖွဲ့များနှင့်ပူးပေါင်းကာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၏ အရှေ့မြောက်ဘက်၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း…