‌လက်နက်ခဲယမ်းနဲ့ ခိုအောင်းနေသည့် အကြမ်းဖက်များအား အသေဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လက်နက်ခဲယမ်းများနှင့်အတူခိုအောင်းနေသော PDF(၃)ဦးကို အသေဖမ်းဆည်းရမိ ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေသောလုပ်ရပ်များနှင့် အကြမ်းဖက်လုပ်ဆောင်မှုများကို မလိုလားသော ဒေသခံပြည်သူ အချို့က မကွေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လုပ်ငန်းမျိုးစုံလုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားတို့က နတ်မောက်မြို့နယ် ပင်းမြို့ကျေးရွာအနီး လက်နက်၊ ခဲယမ်းများနှင့်အတူ ခိုအောင်းနေကြောင်း လျှို့ဝှက်ဆက်သွယ်သတင်းပေးပို့ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်)၊ ညနေပိုင်းတွင် သွားရောက်၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ထိုသို့ဆောင်ရွက်စဉ် အဆိုပါကျေးရွာ၏ အရှေ့ဘက် မီတာ (၅၀၀) ခန့်အရောက်တွင် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အလောင်း(၃)လောင်း၊ GLOCK ပစ္စတိုတစ်လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *