၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်းသည် ပထမအကြိမ် လေ့ကျင့်ခန်းများကို ဇန်နဝါရီ (၁၀) ရက်တွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် လာမည့် မတ်လတွင် ဆီးရီးယား အသင်းနှင့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း၊ အဝေးကွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သည့် အနေဖြင့် ဇန်နဝါရီလ (၁၀) ရက်မှ (၂၀) ရက်အထိ ရန်ကုန်မြို့တွင် စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။


