သူများမကြိုက်တာလုပ်ရင်ကိုယ်မကြိုက်တာလည်း ဧကန်မုချ ပြန်လုပ်ခံရတတ်တယ်။
ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်-
တစ်ခါက အိမ်တစ်အိမ်မှာ
အပေါ်ထပ်နဲ့ အောက်ထပ်နေကြတယ်၊
အပေါ်ထပ်က ရေက အောက်ထပ်ကိုကျတဲ့အခါ အောက်က လူက နေမရလို့
အပေါ်ကလူကို ပြောတဲ့အခါ
ရေဆိုတာ မြင့်ရာကနေ နိမ့်ရာကို စီးတာ သဘာဝပဲတဲ့!
ပြဿနာကို ဖြေရှင်းမပေးဘဲပြောလိုက်တာ.။
ဒါနဲ့ အောက်ကလူကလည်း
မီးရှို့လိုက်တာ အပေါ်ထပ်လောင်တဲ့အခါ
အောက်ကလူကိုပြောတယ်
ဒီမှာ မီးလောင်နေတယ် ဘယ်လိုလုပ်တာလည်းတဲ့!
မီးဆိုတာ အနိမ့်ကနေ အမြင့်ကိုလောင်တာ
သဘာဝပဲဆို ပြန်ပြောလိုက်တယ်!။
လူဆိုတာ အသာစီးအထက်စီးကဆိုပြီး
လုပ်ချင်တိုင်း မလုပ်ရဘူး!
ကိုယ့်အလှည့်ဆိုတာ ကြုံကိုကြုံလာမှာ
ဒါကို သတိထားဖို့ မိန့်ကြားတော်မူသည်။
(ပါမောက္ခချုပ်ဆရာတော်ကြီး)
ဒေါက်တာ နန္ဒမာလာဘိဝံသ