အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေ၊ နမ့်ခမ်းမြို့ကို ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်ရဲ့ စခန်းသစ်စခန်းကုန်းအား အကြမ်းဖက် TNLA အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် နိုဝင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ TNLA မှ ၄၉ ဦးသေဆုံးခဲ့ပြီး ၁၄၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့ရဲ့ သတင်းစာမျက်နှာများတွင် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပါသည်။ စခန်းသစ်စခန်းကုန်းအား တပ်မတော်မှစစ်သားကောင်းပီသစွာ ရဲရဲဝံ့ဝံ့ပြန်လည်ခုခံခဲ့တာကြောင့် TNLA များ အကျအဆုံးအများအပြားရှိခဲ့ပြီး အမှန်တကယ်မြေပြင်သေဆုံးမှုမှာ ၅၀၀ ကျော်ခန့်ရှိပြီး ဒဏ်ရာရသူ ၃၀၀ ခန့်ရှိကြောင်း အတွင်းသတင်းများအရ သိရှိရပါတယ်။
