နိုဝင်ဘာ ၂၄ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၃ ရက် ၁၈၀၀ နာရီတွင် ခင်ဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်နေ ခင်ဦးမြို့နယ်၊ ဥစ္စာတွင်းကျေးရွာ တွင်နေထိုင်သော ဒေါ်ချိုမာ(၅၀)နှစ်သည် မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ဝင် ၅ ဦးသည် လက်နက်များ ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ဒေါ်ချိုမာအား ခင်ဦးမြို့နယ်၊ ကံသာယာကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရ။

-နိုဝင်ဘာလ ၂၂ ရက် ၂၁၃၀ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ သံကုန်းကျေးရွာနေ ဦးညွန့်လှ + ဒေါ်ကြွယ် တို့၏ ကုန်စုံဆိုင်သို့ အကြမ်းဖက်အဖွဲ့ ၈ ဦးသည် ဆိုင်ကယ် ၄ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ကုန်စုံဆိုင်အတွင်း ဝိုင်းဖွဲ့၍ အရက်သောက်နေသော ကျေးရွာနေပြည်သူများ ဖြစ်သည့် ဦးဗျိုင်းကြီး(၂၉)နှစ်တွင် ဝဲပါး၊ ဝဲလက်မောင်း၊ ရင်ဘတ်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ကိုပိုင် (၃၈)နှစ်တွင် ဝဲ/ယာလက်ဖျံ၊ လည်ဂုတ်၊ နောက်ကျော ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝေအောင်(၂၃)နှစ်တွင် ဝဲနားထင်၊ ယာလက်ဖျံ၊ ယာဒူး ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဖိုးချစ်(၁၈)နှစ်တွင် မေးစေ့၊ ရင်ဘတ်၊ နောက်ကျော၊ လည်ဂုတ် ကျည်ဖောက်ဝင်ဒဏ်ရာ၊ နန်းဝင်း(၃၇)နှစ်တွင် နှာခေါင်း၊ နဖူး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံး ခဲ့ကြောင်း၊ ၎င်းနောက် အကြမ်းဖက်သူများသည် ဦးချစ်ဟန်(၇၀)နှစ်နှင့် ဒေါ်ဝင်း(၆၉)နှစ်တို့၏ နေအိမ်သို့ ထပ်မံ သွားရောက်ခဲ့ပြီး ၎င်းတို့ ၂ ဦးအား လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်အတွင်းရှိ ငွေသားနှင့် ရွှေထည်ပစ္စည်း(စိစစ်ဆဲ)တို့အား ယူဆောင်ထွက်ပြေးသွားခဲ့ရာ ဦးချစ်ဟန်တွင် ဝဲချိုစောင်း၊ ယာပါး ကျည်ဖောက်ဝင် ဒဏ်ရာ၊ ဒေါ်ဝင်းတွင် ဦးခေါင်း ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၃ ရက် ၀၇၄၀ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ငရံချောင်းကျေးရွာနေ ဒေါ်တင်မာဌေး(၄၅)နှစ်သည် နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား PDF ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၈ ချက်ခန့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဒေါ်တင်မာအေးတွင် ဦးခေါင်း၊ ဝဲ/ယာလက်မောင်း၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၃ ရက် ၁၀၅၀ နာရီတွင် ကသာမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကသာ အကျဉ်းထောင်ပေါ်သို့ PDF အကြမ်းဖက်အဖွဲ့၏ Drone ယာဉ် ၁ စင်း ပျံသန်းရောက်ရှိလာပြီး Drop ဗုံး ၂ လုံး ပစ်ချခဲ့ရာ ဗုံးသီးများမှာ ကသာအကျဉ်းထောင်ဝန်းအတွင်း၊ အိမ်ထောင်သည်လိုင်းခန်းအနီး လယ်ကွင်း၌ ၁ လုံး၊ ဗိုလ်ချုပ် ပန်းခြံဝင်ပေါက်အနီး၌ ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပန်းခြံအနီးဈေးရောင်းနေသည့် ဒေါ်ဆွေဆွေသင်း(၃၆)နှစ်တွင် နောက်ကျောမိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၃ ရက် ၁၈၃၀ နာရီတွင် အမရပူရမြို့နယ်၊ ပိန်းတန်းရပ်ကွက်နေ ညီညီအောင်(ခ)အောင်အောင်(၄၀)နှစ်နှင့် စစ်ကိုင်းမြို့နယ်၊ ကျောက်တာကျေးရွာနေ နိုင်လင်းထက်(ခ)ဖိုးထက်(၃၀)နှစ်တို့သည် ရွှေဘိုမြို့နယ်၊ တဂဏန်း ကျေးရွာမှ ဆန်အိတ်များအား မော်တော်ယာဉ်ဖြင့် တင်ဆောင်၍ ပြန်လည်ထွက်ခွာလာစဉ် တဂဏန်းကျေးရွာ အနီး၌ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ရာ ပေါက်ကွဲမှုကြောင့် ညီညီအောင်(ခ)အောင်အောင်တွင် ဝဲ/ယာပေါင်၊ ယာလက်ဖျံပြတ်ရှဒဏ်ရာ၊ နိုင်လင်းထက်(ခ)ဖိုးထက်တွင် နောက်ကျော၊ ယာလက်ကောက်ဝတ်၊ ဝဲပေါင် မိုင်းထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၃ ရက် ၁၉၀၀ နာရီတွင် စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ စစ်ကိုင်းခရိုင်စိုက်ပျိုးရေးရုံးရှေ့သို့ PDF အကြမ်းဖက် အဖွဲ့ဝင် ၂ ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်း ၁ လုံး ပစ်ပေါက်ဖောက်ခွဲခဲ့ရာ လက်လုပ် မိုင်းမှာ ရုံးဝင်းအတွင်းရှိ မြတ်ဇေယျာခန်းမရှေ့၌ ကျရောက်ပေါက်ကွဲခဲ့ပြီး မြတ်ဇေယျာခန်းမရှေ့ဘက်ခြမ်းမှ ပြတင်းတံခါးမှန် ၂ ချပ်၊ အမိုးသွပ် ၄ ချပ် ပျက်စီးခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၃ ရက် ၁၆၅၅ နာရီတွင် ပခုက္ကူမြို့နယ်၊ အနောက်ဘုန်းကံကျေးရွာအား PDF အကြမ်းဖက်အဖွဲ့၏ Drone ယာဉ် ၁ စင်း ပျံသန်းရောက်ရှိလာပြီး  Drop ဗုံး ၂ လုံး ပစ်ချဖောက်ခွဲခဲ့သောါလည်း လူ/အဆောက်ဦ ထိခိုက်မှုမရှိကြောင်း၊ ၁၇၀၀ နာရီတွင် Drone ယာဉ် ၂ စင်းသည် ထပ်မံ၍ ၂ ကြိမ်ပျံသန်းရောက်ရှိလာပြီး Drop ဗုံး ၈ လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ Drop ဗုံးများမှာ မြောက်ဘက် မီတာ ၁၀၀ ခန့်အကွာ၊ အနောက်ဘက် မီတာ ၂၀၀ ခန့်အကွာ၊ တောင်ဘက် မီတာ ၂၀၀ ခန့်အကွာတို့ရှိ လူမနေသည့် နေအိမ်များပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါနေအိမ် ၃ လုံးမှ အမိုးသွပ်များ ပျက်စီးခဲ့ကြောင်း သိရှိရ။