ထိုင်းနိုင်ငံဘန်ကောက်မြို့၊ လတ်စီခရိုင်၊ထုန်းဆုန်ဟုန်မြို့နယ်၊ချိန်ဝပ်ထနာ၁၂ လမ်းသွယ်၂ကွန်ဒိုမီနီယံအခန်းတစ်ခုတွင်စစ်လက်နက်များ သိုဝှက်ထားသည်ဟူသော သတင်းအရစုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ဝင်များဧပြီ၂၅ရက်တွင် ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာတွင် သက်သေခံပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ ယခုဖမ်းဆီးရမိမှုသည်ဧပြီ၂၃ ရက်ကချင်းမိုင်ခရိုင်၊ဖူပင်ရာဇနိဝေ့ရဲစခန်းမှရဲအရာရှိများမယ်ဟောင်ဆောင်ခရိုင်တွင်စစ်လက်နက်များလက်ဝယ်ထားရှိသောအမျိုးသားနှစ်ဦးကို ဖမ်းမိခဲ့သည့်နောက်ဆက်တွဲ အမှုဖြစ်ကြောင်းသိရသည်။ အဆိုပါအမျိုးသားနှစ်ဦးက […]