

မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှဦးဆောင် ၍ ယနေ့ ဧပြီ ၁၇ ရက်မြန်မာနှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းက နှစ်သစ်ကူးစုပေါင်းကုသိုလ်ပြုလုပ်ခဲ့မှုများအ တွက် တရားတော်များနာယူခဲ့ကြသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကံလှဘုန်းတော်ကြီးကျောင်းတွင်ကျင်းပသည့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၏ ပဌာန်းပိတ်သိမ်းအောင်ပွဲတွင် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ကံလှသိမ်တော်ကြီးအသစ်ဆောက်လုပ် လှူဒါန်းမှု၊ ပဉ္စလောဟာကြေးသွန်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးလှူဒါန်းပူဇော်မှု၊ ဓမ္မရောင်ခြည်စံကျောင်းတော်အားပြန်လည်မွမ်းမံဆောက်လုပ်လှူဒါန်းမှု၊ ရွှေကံပွင့်ဆု တောင်းပြည့်စေတီတော်တည်ထားပူဇော်မှုတိုကို စု ပေါင်းကုသိုလ်ပြုလှူဒါန်းခဲ့ကြပြီးဖြစ်သည်။
