နိုဝင်ဘာလ ၁၂ ရက်နေ့၌ လောက်ကိုင်မြို့၊ ညံခွမ်းအခြေစိုက် စကစတပ်ခမရ (၁၂၉) နောက်တန်းရှိ မှီခိုသူမိသားစုဝင်များအား Drop Bomb ကင်းလွတ်ရန် လိုင်းခန်းနေရာမှ ကျောက်ဂူနေရာသို့ ရွှေ့ပြောင်းနေစဉ် လမ်းတွင် MNDAA အဖွဲ့များက အင်အားအများအပြားဖြင့် ဝိုင်းဝန်ပိတ်ဆို့ကာ ဖမ်းဆီးခဲ့သဖြင့် မှီခိုသူကလေးအယောက် ၄၈ ဦး ဖမ်းဆီးခံရကာ ၎င်းတို့အား ဓါးစာခံလုပ်၍ တပ်ရင်မှူးနဲ့အရာရှိစစ်သည်များကို ၎င်းတို့နဲ့ပူးပေါင်းရန် မပူးပေါင်းပါက ကလေးတွေကို သတ်ပစ်မယ်လို့ အကြပ်ကိုင်ကာ ခြိမ်းခြောက်ပြောဆိုလာသဖြင့် ဖမ်းဆီးခံရခြင်းသာဖြစ်ကြောင်း ဒေသတွင်းသတင်းများအရသိရှိခဲ့ရပါတယ်။ ကလေးတွေကို ဓါးစာခံလုပ်တဲ့ MNDAA အဖွဲ့ရဲ့ ယုတ်မာတဲ့လုပ်ရပ်ကို အမှန်မရေးဘဲ Khit Thit မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ၎င်းတို့ ဆန္ဒအတိုင်း အလင်းဝင်ပါတယ်ဆိုပြီး အများပြည်သူများ အထင်အမြင်လွဲမှားအောင် မဟုတ်မမှန်ရေးသားထားခြင်းသာဖြစ်ပါတယ်။
Related Posts
ရေးမြို့နယ်အတွင်း ၃ ရက်တာ တိုက်ပွဲ ၆ ကြိမ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၆ ဦး သေဆုံးတယ်လို့ Khit Thit မှ သတင်းအမှားရေး
- admin
- June 29, 2023
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၃ ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦး အပါအဝင် စစ်သား ၁၆ ဦးသေဆုံးကြောင်း […]
Khit Thit ကရေးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးတယ်ဆိုတဲ့ သတင်းမှား
- admin
- December 3, 2024
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးသေတယ်ဆိုပြီး Khit Thit မှ လိမ်ညာရေးသားထားကြောင်း တွေ့ရှိရပါတယ်။ ဖြစ်စဉ်အမှန်မှာ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ပွင့်ဖြူမြို့နယ်၊ […]
သနပ်ပင်မှာ တပ်က လိုင်းကြေးယူထားတဲ့ လောင်းကစားဝိုင်း ပစ်ခတ်ခံရဆိုတဲ့ သတင်းအမှား
- အေးခင်
- June 19, 2024
ဇွန်လ ၁၆ ရက်နေ့ သနပ်ပင်မြို့နယ်၊ သနတ်တန်းရွာတွင် လောင်းကစားဝိုင်းပြုလုပ်ထားခြင်းနှင့် ငွေကြေးယူကာ ခွင့်ပြုခဲ့ခြင်းများ မရှိခဲ့သော်လည်း Khit Thit Media မှ အပြစ်မဲ့ ပြည်သူများကို […]