မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့အရေအတွက်ဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ရှိပါတယ်။ အခုလိုမျိုးစက်မှုလယ်ယာခေတ်သို့မရောက်မီက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာကျွဲ၊ နွားတွေနဲ့ပဲ ထွန်ယက်စိုက်ပျိုးရိတ်သိမ်းခဲ့ကြရတာဖြစ်ပါတယ်။ ကျွဲတွေ၊ နွားတွေဟာလယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေအတွက် ကျေးဇူးရှင်တွေဖြစ်သလို ထမင်းစားနေ သူတိုင်းအတွက်လည်း ကျေးဇူးရှင်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါ့ကြောင့်လည်းမြန်မာနိုင်ငံ ကိုလိုနီခေတ်မှာ လယ်တီဆရာတော်ကြီးရဲ့ အမဲသားမစားရေးတရားတွေဟောကြားပြီး ကျွဲ၊ နွားတွေကိုတန်ဖိုးထားခဲ့ပါတယ်။ ဆရာတော်ကြီးရဲ့ နွားမေတ္တာစာဟာ ဖတ်ရသူတိုင်းက ကျွဲ၊ နွားတွေအပေါ်သနားစိတ်ဝင်ခဲ့ကြပါတယ်။ တောရွာဓလေ့အရ …