ဆော်ဒီအာရေဗျနိုင်ငံ၏ ပင်လယ်နီသို့ ဦးတည်သွယ်တန်းထားသော ပင်မအရှေ့-အနောက် ရေနံပိုက်လိုင်းကို ရက်ပိုင်းအတွင်း ပြန်မလည်ပတ်နိုင်ပါက ကမ္ဘာ့စွမ်းအင်အတွက် ဆော်ဒီအာရေဗျမှရရှိနိုင်သော ရေနံပမာဏ ၄ ရာခိုင်နှုန်းအထိ ဆုံးရှုံးနိုင်ပြီး ကမ္ဘာ့ရေနံပြတ်လပ်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆော်ဒီအာရေဗျမှ ရေနံဝယ်ယူသူများနှင့်ကုန်သည်များက စက်တင်ဘာလ ၁၃ ရက်တွင်သတိပေးသည်။ ပြီးခဲ့သည့် သီတင်းပတ်ကဖြစ်ပွားသောဒရုန်းတိုက်ခိုက်မှုများကြောင့် ထိုအရှေ့-အနောက် ရေနံပိုက်လိုင်းကို ပိတ်ထားခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုပမာဏနှင့် မည်မျှကြာသည်အထိပိတ်ထားရမည်ကို ဆော်ဒီအာရေဗျဘက်က အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပေ။ အချို့သတင်းအရင်းအမြစ်များ၏…