ဇူလိုင်လ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်အချိန် ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီး တိုက်ပွဲတွင် စစ်တပ်မှ ဗိုလ်ကြီးအဆင့်အပါအဝင် ၄၁ ဦးသေဆုံးကာ ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Khit Thit မှ ရေးသားထားတာ တွေ့ရှိခဲ့ပါတယ်။
ဖြစ်စဉ်အမှန်မှာ ဇူလိုင် ၁၉ ရက်နေ့၌ ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/PDF ထိတွေ့တိုက်ပွဲများတွင် KNLA/ PDF ၃ လောင်း၊ သေနတ် ၅ လက်၊ လက်ပစ်ဗုံး ၂ လုံး၊Drone ၁ စင်း၊ လက်လုပ်ပုလင်းမိုင်း ၇ လုံး၊ ဗုံးသီး ၁ လုံးနှင့် ခဲယမ်း ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိသွားပြီး စစ်သား ၁ ဦးသာ မစိုးရိမ်ဒဏ်ရာရရှိသွားကြောင်း ဒေသတွင်းသတင်းပေးပို့ချက်များအရသိရှိရပါတယ်။ KNLA/PDF တွေ သေတာကို အမှန်မရေးသားဘဲ Khit Thit မှ ဖြစ်စဉ်များတွင် စစ်သား ၄၁ ဦး သေဆုံးကာ ၄၈ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ စိတ်ကူးယဉ်ပြီး အရှက်ပြေအောင် လိမ်ညာရေးသားထားခြင်းသာဖြစ်ပါတယ်။
Disinformation
FactCheck