ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုလွှတ်တော်၏ သဝဏ်လွှာပေးပို့ဖိတ်ကြားမှုအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက် ၁၀ နာရီတွင်ကျင်းပပြုလုပ်သည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး(၁၂)ရက်မြောက်နေ့ အစီအစဉ်သို့တက်ရောက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တို့နှင့်အညီ နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားသည်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ၏ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားသည့်အစီအစဉ်သို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊…