“နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား” ဟူသည့်ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့(International Youth Day – 2026) အခမ်းအနားကို ဩဂုတ်လ ၁၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာပြိုင်ပွဲများတွင် ထူးချွန်ဆုနှင့် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်မောင်မယ်များအား ဆုများပေးအပ်ချီးမြှင့်သည်။ အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊…