ကေဇက်ဟိန်း( PPIB ) ယနေ့သည် နိုင်ငံတော်အကြီးအကဲနှင့်ဇနီး ဦးဆောင်သော မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့၏ ဗီယက်နမ် နိုင်ငံခရီးစဉ် ဒုတိယနေ့ပဲဖြစ်ပါတယ်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံမှုအပြင် အခြားသောနိုင်ငံရဲ့ အရေးပါသူများနဲ့ တွေ့ဆုံမှုတွေလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ အရေးကြီးဆုံးနေ့ရက် တစ်ရက်လို့ ဆိုရမှာပါပဲ။ နှစ်နိုင်ငံခေါင်းဆောင်တွေချင်းတွေ့ဆုံရာမှာပြောတဲ့ ဆွေးနွေးချက်များဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးကို အခြေခံပြီးကဏ္ဍစုံထိ တစ်စတစ်စကျယ်ပြန့်သွားတဲ့အပြင် ဒေသတွင်းကနေ ကမ္ဘာ့မျက်နှာစာထိ ကျယ်ပြန့်သွားတတ်တဲ့…