* လွတ်လပ်ရေးလျှင်
မရခင်က ရချင်လှ၍
ရရာလက်နက် ဆွဲကိုင်ထွက်ကြ
ပြည်မတောင်တန်း ခွဲခြမ်းမတွေး
တစ်သွေးတည်းတည် စည်းလုံးညီကြ
ဘီအိုင်အေခေါ် တပ်မတော်နှင့်
ဖော်မွန်ပြည်သူ ချစ်ကြည်ဖြူလျက်
နယ်ချဲ့လက်မှ လွတ်မြောက်ကြရန်
တော်လှန်နွှဲဆင် တိုက်ပွဲဝင်သော်
အောင်မြင်ဆွတ်လှမ်း လွတ်လပ်ပန်းကို
ဆင်မြန်းနိုင်ခဲ့ ကြပါသည်။
* လွတ်လပ်ပါပြီ
မြန်မာနိုင်ငံ ပျော်မည်ကြံမှ
“တော်လှန်ရေး”တဲ့ သွေးနဲ့စကာ
ဝါဒဆိုးညစ် ကွန်မြူနစ်ကွဲ
လွဲမှားအတွေး လူမျိုးရေးပါ
ဘာသာအကြောင်းပြ သူပုန်ထလို့
ကြုံရသောင်းကျန်း ပြည်ဖျက်ရမ်းသော်
ကျူးကျော်တရုတ်ဖြူ ပြည်တွင်းဆူသော်
တပ်မတော်သာ ပြည်သူပါလျက်
ကြုံလာဘေးရန် ကြံ့ကြံ့ခံကာ
တွန်လှန်ဖယ်ရှား ခဲ့ရသည်။
* ဪ…..
မလွတ်လပ်ခင် လွတ်လပ်ချင်ကာ
လွတ်လပ်လာစဉ် ပျော်ပါချင်လည်း
အမြင်ကျဉ်းမြောင်း ပြည်တွင်းသောင်းကျန်း
အကြမ်းဖက်လျက် တိုင်းပြည်ပျက်အောင်
ဖျက်နည်းမျိုးစုံ ဆိုးယုတ်ပုံကြောင့်
ရန်,ကုန်အောင်နှိမ် ပြည်ငြိမ်အောင်ထိန်း
ငြိမ်းချမ်းအောင်ကြိုး ဖွံ့ဖြိုးအောင်မှန်း
တစ်စိတ်ဝမ်းတည် တပ်နှင့်ပြည်သူ
ညီတူမခွဲ လက်ချင်းတွဲလို့
တိုက်ပွဲဝင်နေ ရတုန်းလေ
ငြိမ်းချမ်းပါတော့ မြန်မာပြေ(ပြည်)။
Crd. ကိုချိုစံ