ရန်ကုန်-မန္တလေးရထားလမ်းပေါ်ရှိ ဖြူး- တောင်ငူလမ်းပိုင်းတွင် လုံခြုံရေးစစ်ဆေးဆောင်ရွက်နေသည့် RGC-125 ရထားကို လက်နက်ကိုင် အကြမ်းဖက်အုပ်စုက ပဲခူးတိုင်းဒေသကြီး၊ ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြားတွင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်ဖြစ်စဥ်တစ်ခု မတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ RGC-125 ရထားသည် အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ဘူတာမှ နံနက် ၇ နာရီ ၃၆ မိနစ် ထွက်ခွာလာပြီးနောက် ညောင်ခြေထောက်နှင့် ကျွဲပွဲဘူတာအကြား…