မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မောင်းထောင်းကျေးရွာတွင် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်နေသည့် အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း သတင်းပေးချက်အရ နယ်မြေရှင်လင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်များမှာ ကားပေါ်သို့ လက်နက်ခဲယမ်းများ တင်ဆောင်နေသည်ကို တွေ့ရှိသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ PDF များဆုတ်ခွာထွက်ပြေးသွားကြောင်း သိရှိရပြီး အကြမ်းဖက် PDF များ လက်နက်ခဲယမ်းများတင်ဆောင်ခဲ့သည့် ကားအား လုံခြုံရေးအဖွဲ့ဝင်များမှ အသေးစိတ်စစ်ဆေးခဲ့ရာ-
- လက်လုပ်စိန်ပြောင်း –၁ လက်
- လက်လုပ်ဗုံးသီး —-၂၂ လုံး
- လက်လုပ်သေနတ် —၁ လက်
- ဆိုင်ကယ်ဘတ္ထရီအိုး —၃ လုံး
- ယမ်းဗူးကြီး —၁ ဗူး
- ဝါယာကြိုး —၁ ခွေ
- ဗုံးသီးထည့်သေတ္တာ —၂ လုံး
- ၁၂ ဗို့ကျည်— ၇ တောင့်
- ကား —၁ စီး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။

