ချည်မှီမှုတွေ ကင်းပါစေ
ဘယ်သူကိုမှ ချည်မထားဘူးဆိုရင်
ဘယ်သူတွေ ထွက်သွားထွက်သွား
ကိုယ့်ဘ၀က နေသာပါတယ် ။
ဘယ်သူကိုမှ မှီမထားဘူးဆိုရင်
ဘယ်သူတွေ လဲကျလဲကျ
ကိုယ့်ဘ၀က သက်သာပါတယ် ။
စွဲစရာရှိတယ်ဆိုရင်
ရတနာသုံးပါးဂုဏ်ကိုပဲယုံကြည်စွဲပါ ။
မုန်းစရာရှိတယ်ဆိုရင်လည်း
ဘ၀ခန္ဓာကိုပဲ မုန်းကြည့်လိုက်ပါ ။
မဆိုင်တာတွေကိုလည်းမစွဲပါနဲ့
မဆိုင်တာတွေကိုလည်းမမုန်းပါနဲ့ ။
ပေါ့ပါးကြည်လင်တဲ့ဘ၀ကိုရဖို့
အပိုတွေကိစ္စကို လျှော့ချပေးပါ ။
ကိုယ်ကိုယ့်ကို ရပ်တည်နိုင်ကြဖို့
တရားနဲ့အသိနဲ့ ထိန်းသိမ်းထားပါ ။
ဘယ်လိုဖြစ်ပေါ်မှုပဲဖြစ်ပါစေ
ပြီးသွားမှာပါဆိုတဲ့တရားအသိနဲ့ပဲ
အရာရာကို ရင်ဆိုင်ကျော်ဖြတ်ပါ ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏