သံသရာမှာ ကုသိုလ်ပြုခဲ့ဖူးရင်ကုသိုလ်လုပ်ချင်တဲ့ ဝါသနာဖြစ်လာတယ်။ အကုသိုလ်တွေ ကျူးလွန်ခဲ့ဖူးရင်အကုသိုလ်အလုပ်တွေ လုပ်ရတာဝါသနာဖြစ်လာတယ်။ သံသရာမှာ လောဘတွေကြီးပြီးနေထိုင်ကျင်လည်ခဲ့ဖူးရင်ဘယ်ဘဝရောက်ရောက်လောဘကြီးတဲ့ဝါသနာကအထုံပါလာတယ်။ ဒေါသ အားကြီးတတ်တဲ့ အထုံရှိသူမှာလည်းဘယ်ဘဝရောက်ရောက်ဒေါသအထုံနဲ့ဆက်ဆံတတ်လိုအသက်တိုပြီး ကျင်လည်ကြရတယ်။ မောဟစိတ်တွေ အားကြီးလွန်းပြီးကျင်လည်ရသော်ဖြစ်ရာဘဝတိုင်းသူတော်ကောင်းစကားလည်းမနာယူနိုင်၊ ချစ်ခင်သူများစကားလည်းနားမလည်နိုင်မည်သည့်တရားသော […]