အိန္ဒိယနိုင်ငံ ကယ်ရယ်လာ ပြည်နယ်က စာသင်ကျောင်းမှာ ကျောင်းသား ၁၀၀ကျော် အစာအဆိပ်သင့်

အိန္ဒိယနိုင်ငံ ကယ်ရယ်လာ ပြည်နယ်က ကျောင်းအိပ်၊ ကျောင်းစား စာသင်ကျောင်း တစ်ကျောင်းမှာ ကျောင်းသား ၁၀၀ကျော် ဗိုက်အောင့် အော့အန် ဝမ်းလျောတာတွေ ကြုံတွေ့ရပြီးနောက် ဆေးရုံတင်ထားရတယ်လို့ ပြည်တွင်း သတင်းဌာနတွေက ဖော်ပြပါတယ်။

ဒါဟာ ကယ်ရယ်လာ ပြည်နယ်မှာ အစာအဆိပ် သင့်မှုဖြစ်ပွားတဲ့ နောက်ဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။

ဝါယာနက်ဒေသရှိ ကျောင်းအိပ်၊ကျောင်းစား စာသင်ကျောင်း တစ်ကျောင်းက ကျောင်းသားတွေဟာ ဈေးပေါတဲ့ စားသောက်ဆိုင်က မှာယူတဲ့ အစားအစာတွေ စားသောက်ပြီးနောက် ဝမ်းပျက်၊ဝမ်းလျောတာတွေ ကြုံနေတာကြောင့် အရာရှိတွေက ဆေးရုံကို အလျင်အမြန် တင်ပို့ခဲ့ရပါတယ်။