ထမင်းစားပြီးပြီးလား?????
စားပြီးချက်ချင်းဒါတွေ မလုပ်ရပါဘူး
(၁) ဆေးလိပ် မသောက်ပါနှင့်။ထမင်းစားပြီးနောက် စီးကရက် ၁-လိပ်သောက်ခြင်း သည် သာမန် အချိန် စီးကရက်၁၀-လိပ်သောက်ခြင်းနှင့် ညီ မျှပြီး၊ ကင်ဆာ ရောဂါဖြစ်နိုင်ချေ အလားအလာပိုများကြောင်း ဆေးသိပ္ပံပညာရှင် များက သတိပေးထား သည်။
(၂) သစ်သီးများ အလျင်စလို မစားပါနှင့်။ထမင်စားပြီးနောက် အချိုပွဲ သစ်သီး စားခြင်းသည် မှားယွင်းသော အစဉ်အလာ တစ်ခုဖြစ်နေကြပါသည်။ အမှန် အားဖြင့် ထမင်းစား ပြီးပြီးချင်း သစ်သီးစားခြင်းက လေပွစေပြီး၊ အစာအိမ် ကို ဘေးဥပါသ်ဖြစ်စေ၏။
ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ခန့် ကြာမှ သာ သစ်သီး စားသင့်သည်။
(၃) လ္ဘက်ရည် မသောက်ပါနှင့်။လ္ဘက်ရည် အချိုခြောက် ထဲတွင် အက်ဆစ်ဓာတ် အမြောက်အများ ပါရှိကြပေရာ၊ ၄င်းတိုက ထမင်း ဟင်းထဲတွင် ပါရှိသည့် ပရိုတင်း များကို အနှောင့် အယှက်ပြုကာ အစာချေဖျက်မှု ကိုလည်း ဟန့်တားစေပါသည်။
(၄) ခါးပတ်ကြိုး မလျော့ပါနှင့်။ထမင်း စားပြီးပြီးချင်း ခါးပတ်ကြိုး (သိုမဟုတ်) ပုဆိုး၊ လုံချည်လျော့၀တ်ခြင်း က အူသိမ် အူမ တိုကို လိမ်ခေါက် ၍ အူလမ်းကြောင်း ပိတ်ဆိုစေပါသည်။
(၅) ရေ မချိုးပါနှင့်။ထမင်းစားပြီးနောက် ရေချိုးခြင်း သည် လက်/ခြေထောက်နှင့် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေး လည်ပတ်စီးဆင်း မှု တိုးပွားလာပြီး၊ အစာအိမ် တဝိုက် သွေးလည်ပတ် စီးဆင်းမှု လျော့ကျ လာသောကြောင့် အစာအိမ်ကောင်းစွာ အလုပ် မလုပ်နိုင်တော့ပေ။
(၆) သွက်သွက် လမ်း မလျှောက်ပါနှင့်။ရှေး လူကြီးမျာက ထမင်းစားပြီး အချိုစား၊ ခြေလှမ်း ၂၀၀ သွား ဟု အဆို ဟင်း ထဲမှပါ၀င်သော အာဟာရ စုပ်ယူရန် အတွက် အစာချေ စံနစ်ကို အနှောင့် အယှက်ဖြစ် စေ တတ် သည်။ (ထမင်းစားပြီး ငြိမ်ငြိမ် ထိုင်နေရမည် ဟု မဆိုလိုပါ) ကျန်းမာရေး နဲ့ ညီညွတ်စေဖိုအတွက် ထမင်းစားပြီး ပါက အနည်းဆုံး ၁၅-မိနစ်ခန့် မတ်တပ် ရပ်နေပါ (သိုမဟုတ်) ဖြည်းဖြည်း မှန်မှန်လမ်းလျှောက်ပါ။
(၇) မအိပ်ပါနှင့်။ထမင်းစားပြီး ချက်ချင်း လှဲအိပ်ခြင်းသည် အစာကောင်းစွာ မကျေညက်စေတော့ဘဲ၊ အစာအိမ်ရောဂါဖြစ်စေသည့်ပြင်၊ အူ များကို ကူးစက်ရောဂါပိုး ၀ငျစသေညျ။
(၈) အားကစား မလုပ်ပါနှင့်။အားကစား မလုပ်ခင် အနည်းဆုံး နာရီ၀က် မှ အများဆုံး ၂-နာရီ ခန့်ကြိုတင်၍ ထမင်းစားထားပါ။ သိုမဟုတ် ပါက၊ အကြော ဆွဲခြင်း (သိုမဟုတ်) ရုတ်တရက်နှလုံးခုန် ရပ်တန့်ခြင်း (သိုမဟုတ်) အသက်သေစေနိုင်သည်။