ငါးပါးသီလဟာ
မဂ္ဂင်ရှစ်ပါးထဲမှာ
ကြည့်လိုက်မယ် ဆိုရင်
” သမ်မာဝါစာ၊ သမ်မာကမ်မန်တ၊ သမ်မာအာဇီဝ ” ပဲ။
အဲဒီ ငါးပါးသီလနဲ့
လုံလုံခြုံ ခြုံ အသက်မွေးရင်
သမ္မာအာဇီဝဖြစ်တယ်။
သမ္မာအာဇီဝ ဆိုတာ
မဂ္ဂင်ရှစ်ပါးထဲမှာပါတဲ့
အတွက်ကြောင့်
မြတ်စွာဘုရားက- ” မဇ္ဈိမပဋိပဒါ ” ပဲ။
မဇ္ဈိမပဋိပဒါကို
ဘုရားက ဘယ်လိုဟောတုန်း…။
” စက္ခု ကရဏီ၊ ဉာဏ ကရဏီ၊
ဥပသမာယ အဘိညာယ
သမ္ဗောဓာယ နိဗ္ဗာနာယ ”
နိဗ္ဗာန်ရောက်အောင်
ပို့ဆောင်နိုင်တဲ့သတ္တိ ရှိတယ်တဲ့။
ငါးပါးသီလလုံအောင် ကျင့်နေခြင်းသည်ပင်
မဂ္ဂင်ရှစ်ပါး အကျင့်တရားထဲက-
သမ်မာဝါစာ၊ သမ်မာကမ်မန်တ၊ သမ်မာအာဇီဝကို
ကျင့်ရာ မရောက်ပေဘူးလား…။
ရောက်တယ်တဲ့။
အဲဒါမပါရင် ကျန်တဲ့-
သမ်မာဝါယမ၊ သမ်မာသတိ၊
သမ္မာသမာဓိတို့ ဆိုတာ
မဖြစ်နိုင်ဘူး…။
သူက ပိုပြီးတော့ အခြေခံကျတယ်။
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက-
ဒီငါးပါးသီလကို
စောင့်ထိန်းလိုက်တာနဲ့ တစ်ပြိုင်နက်
ကုသိုလ်တွေ ကိုယ့်သန္တာန်မှာ စီးဝင်ပြီးတော့
နိဗ္ဗာန်လမ်းကြောင်းပေါ်မှာ
ဦးတည်မိတာနဲ့
အတူတူပဲ ပေါ့…။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏
ကုသိုလ်ကောင်းမှုများကို မမေ့မလျော့ ပြု နိုင်ကြပါစေ။
🙏🙏🙏🙏🙏🙏🙏